Pages

Friday, January 18, 2013

သူဌေး နှင့် အလုပ်သမား (ဟာသ) ၆



ကုမ္မဏီပိုင်ရှင် သူဌေးတစ်ဦးက သူ့စက်ရုံကို ဝင်ရောက်လေ့လာပါတယ်။ လူတစ်ဦးဟာ အလုပ်မလုပ်ပဲ နံရံမှီနေတာတွေ့တော့ သူဌေးဟာ အင်မတန် စိတ်ဆိုးပြီး သူ့ကို ယခုလို စကားအေးအေးဆေးဆေးပဲ ပြောပါတယ်။


သူဌေး - ဒီမယ် မောင်ရင်၊ မင်းရဲ့  တစ်လ ဝင်ငွေ ဘယ်လောက်ရှိလဲ.

လူငယ် - ဒေါ်လာ ၂ထောင်ပါ ခမျာ.

သူဌေး - ရော့ဒီမှာ မင်းအတွက် ဒေါ်လာ ၆ ထောင်၊ သုံးလ အတွက် လောက် တယ်မလား၊ နောက်ခါ ဒီစက်ရုံနဲ့ ငါ့မျက်စိရှေ့ မှာ ဘယ်တော့မှ မမြင်ရစေနဲ့၊ သွားတော့

လူငယ် - ဟုတ်ကဲ့ပါ ဆရာ .

ဒီလိုနဲ သူဌေးက အလုပ်လုပ်နေတဲ့ အခြားအလုပ်သမား တစ်ဦးကို
ထွက်သွားတဲ့ လူငယ်အကြောင်းကို မေးတော့ ဒီလိုဖြေပါတယ်။

" သူက ပီဇာပို့သမားပါစရာ။ ဒီစက်ရုံက မဟုတ်ပါဘူး "


ဂေါ်လီ+ဂဲလုံး

No comments:

Post a Comment